ဖောက်သည် အသစ် ရယူခြင်း နှင့် ထိမ်းသိမ်းခြင်း

ဖောက်သည် အသစ် ရယူခြင်း နှင့် ထိမ်းသိမ်းခြင်း Marketing Theory

ဒီနေ့  မှာတော့ ဘယ်လို လုပ်ပြီး ဖောက်သည်တွေကို အဆက်မပြတ် ထိမ်းသိမ်းမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောပြသွားမှာ ဖြစ်ပါတယ်

မင်းရဲ့ စီးပွားရေးက ပုံမှန်ဖောက်သည်လို့ ဆိုလို့ရမည့် ဖောက်သည် အရေအတွက် ဘယ်လောက်ရှိသလဲ?

အမြဲတမ်း ဖောက်သည်သစ် ရှာနေရတဲ့ အခြေအနေမျိူး ရှိခဲ့ဖူးသလား?

တကယ်လို့ အဲ့လို အခြေအနေမျိူး ကြုံရမယ် ဆိုရင်  သင့်အနေနဲ့ သင့်ရဲ့ ဖောက်သည်တွေနဲ့ ဖောက်သည် ဖြစ်လာနိုင်သူတွေကို ချဉ်းကပ်ပုံ မှားကောင်း မှားနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်

ဒီဗီဒီယိုကို

ဒီဗီဒီယိုကို ကြည့်ပြီး နည်းနည်းလောက် စမ်းသပ် ကြည့်သင့်တယ်လို ထင်မိပါတယ်

သုံးသပ်ချက်ကနေပဲ စလိုက် ကြရအောင်။

ဖောက်သည် အသစ်များကို ရယူနိင်မယ့် ချဉ်းကပ်နည်းလမ်းနဲ့  သင့်ဆီကနေ ရောင်းကုန်ပစ္စည်းတစ်ခုခုကို ကြည့်နေတဲ့ ဖောက်သည်ဖြစ်ပြီးသား ပုဂ္ဂိုလ်တွေကို ချဉ်းကပ်တဲ့ နည်းလမ်းက လုံးလုံး ခြားနားပါတယ်

ဖောက်သည် အသစ်တွေ အတွက် ကတော့ စိတ်ကျေနပ်မှု့ ပေးစွမ်းနိုင်ဖို့က အဓိကဖြစ်ပြီး

ဖောက်သည်ဟောင်းတွေ အတွက်ကတော့ ယုံကြည်မှု့နဲ့ ကတိတည်မှု့ကို ကမ်းလှမ်း နိုင်ဖို့က အဓိက ကျပါတယ်

ဆိုတာကတော့

  ဒီအကြောင်းနဲ့ ပတ်သက်ပြီး ၁၉၉၄ခုနှစ်က Journal Of Marketingမှာ Morgan & Hant ရေးသားခဲ့တဲ့ ဆောင်းပါးကနေ ချဉ်းကပ်ပေးဖို့ လုပ်ထားပါတယ်

အဲ့ဒီ ဆောင်းပါးမှာ ဆိုရင် အခုမှ စတွေ့တဲ့ ဖောက်သည်က အမြဲတမ်းဖောက်သည် ဖြစ်လာဖို့ အကြောင်းခံ တစ်ခုကတော့ စိတ်ကျေနပ်မှု့ကို ပေးစွမ်းနိုင်ဖို့ပါပဲ။

စိတ်ကျေနပ်မှု့ ဆိုတာကတော့ ပေးချေလိုက်ရတဲ့ ငွေကြေးနဲ့ ပြန်ရတဲ့ အကျိုးအမြတ်က ဘယ်လောက်ရှိတယ် ဆိုတဲ့ အပေါ်မှာ မူတည်နေတယ် ဆိုတာက အဓိက အချက် ဖြစ်ပါတယ်

ဒါပေမယ့် စိတ်ကျေနပ်မှု့က ပုံမှန်ဖောက်သည် ဖြစ်လာနိုင်တဲ့ အကြောင်းအရင်းခံ တစ်ခုတော့ မဟုတ်ပဲ ယုံကြည်မှု့နဲ့ ကတိတည်မှု့ ပေါ်ပေါက် လာစေဖို့ အစပြုတဲ့ နေရာ ဖြစ်ပါတယ်

ဒါပေမယ့် ဒီအချိန်မှာက ယုံကြည်မှု့နဲ့ကတိတည်မှုက ပုံမှန်ဖောက်သည်အဖြစ်နဲ့ အမြဲအတူ လက်တွဲသွားနိုင်မယ့် အကြောင်းအရင်း ဖြစ်မလာသေးပါဘူး

အဲ့ဒီအတွက် ပထမဆုံးကိုယ့်ရဲ့စျေးဝယ့်သူကို ကိုယ့်ပုံမှန်ဖောက်သည် ဖြစ်လာစေဖို့အတွက်က  စိတ်ကျေနပ်မှု့ကို ပိုပိုတိုးပြီးပေးနိုင်ဖို့က အရေးအကြီးဆုံးအရာ ဖြစ်နေပါတယ်

က်တစ်ခေါက် လုပ်ငန်းဆက်ဆံရေးတစ်ခုကို

နောက်တစ်ခေါက် လုပ်ငန်းဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပြီးသား ဖောက်သည်အတွက်ကတော့ ပုံမှန်ဖောက်သည် ဖြစ်လာနိုင်ဖို့အတွက်မှာတော့ စိတ်ကျေနပ်မှု့ပေးနိုင်ဖို့ထက် ယုံကြည်မှု့နဲ့ကတိတည်မှု့ကို ပေးနိုင်ဖို့က ပိုပြီးအရေးကြီးလာပါတယ်

အဲ့ဒီအတွက် နှစ်ကြိမ်နဲ့အထက် လုပ်ငန်းအရ ဆက်ဆံပြီးချိန်မှာတော့ ဘယ်‌လောက် စိတ်ကျေနပ်မှု့ ပေးနိုင်တယ်ဆိုတာထက်  တစ်ဖက်လူဆီက ကိုယ့်ဘယ်လောက် ယုံကြည်ခံနေရပြီလဲ ဘယ်လောက်ကတိတွေ တည်နိုင်ခဲ့သလဲဆိုတာက အဓိကအချက် ဖြစ်လာပါတယ်

ယုံကြည်မှု့နဲ့ကတိတည်မှုက

နည်းနည်း စကားလမ်းကြောင်းလွဲသွားပေမယ့် ဒီထုတ်ကုန်ကနေ ဘယ်လောက်အကျိုးအမြတ် တေွရနေတယ် ဒီအကျိုးအမြတ်တွေ အတွက် ဘယ်လောက် ပေးချေနေရတယ်ဆိုတဲ့ အတွေးအမြင်မျိုးက exchange value အခြေခံမားကက်တင်း သဘောတရားတစ်ခု ဖြစ်ပါတယ်

ဒီတော့ ဒီလိုယုံကြည်မှု့နဲ့ အလုပ်ကတိတည်မှု့ကို ရနိုင်ဖို့အတွက်က ဘယ်လို အကြောင်းတရားမျိုးတွေများ ဖြစ်မလဲ

အရင်ဆုံး ယုံကြည်မှု့တည်ဆောက်တာနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုပေမယ့် အခြေခံအားဖြင့်တော့ အလုပ်ကတိတည်မှု့ကို ရယူနိုင်ဖို့ဆိုတာက တကယ်အရေးကြီးတဲ့အရာတွေဖြစ်တယ် ဆိုပေမယ့် အဲ့ဒီအရေှ့မှာ လုပ်ဆောင်ရမည့် အချက်သုံးချက် ရှိနေပါသေးတယ်

ပထမဆုံးအချက်ကတော့ အခွင့်အလမ်းကို ဖန်းတီးပေးနိုင်တဲ့ အမူအကျင့်များကိုမယူနိုင်ခြင်း။

ပထမဆုံးအချက်ကတော့ အခွင့်အလမ်းကို ဖန်းတီးပေးနိုင်တဲ့ အမူအကျင့်များကိုမယူနိုင်ခြင်း။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ဉပမာအားဖြင့် ကိုယ့်အကျိုးအမြတ်အတွက်နဲ့ တစ်ဖက်လူအတွက် အမှန်တကယ်အသုံးမဝင်ဘူးဆိုတဲ့ အချက်တွေကိုဖယ်ထားပြီး ကောင်းတာတွေကိုပဲ ပြောနေတာမျိုး ဖြစ်ပါတယ်

ဒုတိယအချက်ကတော့ အငြင်းပွားမိချင်းဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အငြင်းပွားမိချင်းဖြစ်ပါတယ်။ စိတ်ခံစားချက်ကိုလိုက်ပြီး အဓိပ္ပာယ်မရှိတဲ့ အငြင်းပွားမှု့မျိုးတင် မဟုတ်ပဲ နှစ်ဖက်လုံးမှာ အပေါင်းလက္ခဏာဆောင်နိုင်မယ့် အငြင်းပွားမှု့မျိုးကိုဆိုလိုပါတယ် တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် လုပ်ငန်းဆိုင်ရာ ထိခိုက်မှု့မျိူး ဖြစ်ပါတယ်

Saetanar

အဲ့လိုအချိန်မှာ တော်တော်လေးကို အထိအခိုက်မခံနိုင်တဲ့ အခြေအနေမျိုးကိုလိုချင်တယ်ဆိုတာမျိူးက နစ်ဖက်စလုံးက နှစ်ဖက်လုံးအကျိုးရှိစေမယ့် စကားမျိုးကို လက်ကိုင်ထားနိုင်ဖို့က အရေးကြီးတဲ့အပိုင်း ဖြစ်လာစေပါတယ်

တတိယမြောက်အချက်ကတော့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နောက်စကားတစ်မျိုးနဲ့ ပြောရမယ်ဆိုရင် တစ်ဉီးနဲ့တစ်ဉီး အပြန်အလှန် ထောက်ပံပေးခြင်းဖြစ်ပါတယ်။ မြန်မာစကားနဲ့ ပြောရမယ်ဆိုရင်တော့ စေတနာ ဆိုတဲ့စကားလုံးက အနီးစပ်ဆုံးဖြစ်မယ် ထင်ပါတယ်

အတိုချုပ်ပြောရင်

အတိုချုပ်ပြောရင် ကိုယ့်အကျိုးစီးပွား တစ်ခုတည်းအတွက် ရှာဖွေတာမျိုးမဟုတ်တဲ့ နှစ်ဖက်အကျိုးရှိ‌စေမယ့် အပြန်အလှန်ထောက်ပံခြင်းကို ပြုလုပ်ပြီး ဖောက်သည်ဆီကနေ ယုံကြည်မှု့ကိုရရှိပြီး  လုပ်ငန်းကတိတည်မှု့ကိုပါ ပေးနိင်တဲ့အခြေအနေထိ‌ ရောက်လာအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်

ဒီသုံးချက်က သင် ဘယ်လိုကုန်ပစ္စည်းတွေကို ကိုင်တွယ်မယ် စျေးနှုန်းဘယ်လောက်နဲ့ ရောင်းမယ် ဒီပစ္စည်းက ဝယ်သူအတွက် ဘယ်လောက်အသုံးတည့်မယ်ဆိုတဲ့ ဒီထုတ်ကုန်ပစ္စည်းရဲ့ အကျိုးအမြတ်နဲ့ ဘယ်လောက်ခြားနားချက် ရှိတယ်ဆိုတာက အဓိကအချက် ဖြစ်လာပါတယ်

တစ်နည်းအားဖြင့် ဝယ်သူက အမြဲတမ်းဖောက်သည် ဖြစ်လာမလာ ဆိုတာက စီးပွားရေးဆိုတာနဲ့ အနည်းငယ် ကွဲကွာနေတဲ့ ဖောက်သည်က ဆက်စပ်မှု့ကို ကြည့်ပြီး ဆုံးဖြတ်တယ်လို့ ဆိုလိုပါတယ်

ဝယ်သူက သင့်ရဲ့ကုန်ပစ္စည်းကို ပထမဆုံး ဝယ်မဝယ်ဆိုတာက သင့်ကမ်းလှမ်းတဲ့ ကုန်ပစ္စည်းရဲ့ စိတ်ကျေနပ်မှု့ ပေးစွမ်းနိုင်မှု့ အပေါ်မှာ ဆုံးဖြတ်ချက်ချပါတယ်

အဲ့ဒီလိုနဲ့ပဲ တစ်ကြိမ် ဝယ်ယူမှု့ ပြုလုပ်ခဲ့တဲ့ ဖောက်သည်ဟာ နောက်ထပ်နောက်ထပ် ဝယ်ယူမှု့တွေ ပြူလုပ်လာစေဖို့ အတွက် နှစ်ဉီးနှစ်ဖက်လုံး အကျိုးရှိစေမယ့် နည်းလမ်းတွေနဲ့လုပ်ကိုင်ရင်း လုပ်ငန်းဆိုင်ရာ အငြင်းပွားမှု့မျိုးတွေ ပြုလုပ်ရင်း ပူးပေါင်းဆောင်ရွက်မှု့တွေ ပြုလုပ်ခြင်းကနေ ဘယ်လောက်အထိ ယုံကြည်မှု့နဲ့ လုပ်ငန်းကတိတွေ ရှိလာနိုင်မလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်

ဒါကတော့ Morgan & Huntရဲ့ ဆောင်းပါးကို အခြေခံထားတဲ့ ဖောက်သည်တွေကို ရယူခြင်းနဲ့ထိမ်းသိမ်းခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်

နောက်ဗီဒီယိုမှာတော့ နည်းနည်းလောက်ထပ်ပြီး အသေးစိတ်ကျကျ ဆက်ပြောကြပါစို့

タイトルとURLをコピーしました