ပုံမှန်ဖောက်သည် ဖြစ်လာစေမယ့် သုံးမျိုးသော နည်းလမ်း

Marketing Theory

ဖောက်သည် အသစ်များ လက်ဝယ် ရရှိခြင်းနှင့် အရောင်းအဝယ် ဆက်လက် လုပ်ဆောင်ခြင်း

ဒီဗီဒီယိုမှာတော့ အမြဲကိုယ့်ဆီမှာ လာရောက်ဝယ်ယူနေမယ့် ဖောက်သည်မျိုး ရရှိစေဖို့ ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်

အရင်ဆုံး

ဖောက်သည် အသစ်တွေကို အမြဲ ရှာဖွေနေရလို့ ဒုက္ခရောက်နေတဲ့သူ၊ အခုမှ စီးပွားရေးလုပ်ငန်း စလုပ်လို့ ဖောက်သည် မရှိသေးတဲ့သူ၊ ကိုယ့်မိသားစုကို ကူညီဖို့ ဖောက်သည်တွေ စုဆောင်း ပေးချင်တဲ့သူ စတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အမြဲတမ်း လာရောက် ဝယ်ယူနေမယ့် ဖောက်သည်တွေ ရှိလာဖို့ ဘယ်လိုလုပ်ဆောင်ချက်မျိုး လုပ်ရမယ်ဆိုတာ နားလည်စေနိင်မယ့် နည်းလမ်းကောင်းရှိပါတယ်

ဒီနေရာမှာတော့ ဆက်ဆံရေး အခြေခံစနစ်မှာ ပါဝင်တဲ့ အသစ်ဝယ်ယူခြင်း၊ ဆက်လက်ဝယ်ယူခြင်းနဲ့ ပတ်သက်ပြီး ပြောသွားမှာ ဖြစ်ပါတယ်

ရှင်းရှင်းလင်းလင်း ရှိလှတဲ့ ဉပမာတစ်ခုနဲ့ ရှင်းပြသွားပါမယ်

အရင်တကြိမ်အတွက်ပြန်လှန်လေ့ကျင့်ခန်း

ဒါထက်အရင် ရှေ့တစ်ကြိမ်က အကြောင်းကို ပြန်ပြောကြည့် ကြရအောင်

ဖောက်သည်အပေါ် မူတည်ပြီး ချဉ်းကပ်နည်း နှစ်နည်းရှိတယ်လို့ ပြောခဲ့ပါတယ်

ပထမတစ်ခုကတော့ တစ်ကြိမ် ဝယ်ယူဖူးတဲ့ ဖောက်သည်အသစ်တွေကို ချဉ်းကပ်နည်းလမ်း ဖြစ်ပါတယ်

ဖောက်သည်အသစ်တွေနဲ့ ပတ်သက်တဲ့ နည်းလမ်းကတော့ ပေးရတဲ့ ငွေကြေးထက် ပိုပြီးတန်တဲ့ အရာကို ကမ်းလှမ်းနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်

တစ်နည်းအားဖြင့် စိတ်ကျေနပ်မှု့ ပေးနိုင်တဲ့ ကုန်ပစ္စည်း ဝန်ဆောင်မှု့ စတာတွေကို ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်

တစ်ကြိမ်ဝယ်ယူဖူးတဲ့ ဖောက်သည်တွေနဲ့ ပတ်သက်တဲ့ နည်းလမ်းကတော့ ယုံကြည်မှု့နဲ့ ကတိတည်မှု့ ကိုရယူပြီး ကြာရှည်တဲ့ အရောင်းအဝယ်ကို ရလာနိုင်ခြေ ပိုများအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်

ဒီယုံကြည်မှု့နဲ့ ကတိတည်မှု့က ကုန်ပစ္စည်းရဲ့ တန်ဖိုးနဲ့မဆိုင်ပဲ ရောင်းသူရဲ့သဘောထား၊ စိတ်အခြေအနေ စတာတွေနဲ့ ဆက်စပ်ပြီး ရာခိုင်နှုန်း ပိုမြင့်လာစေတာ ဖြစ်ပါတယ်

ရှင်းရှင်းပြောရရင်တော့ ကိုယ့်အကျိုးအတွက်ပဲ ကြည့်တဲ့လုပ်ရပ်မျိုး မလုပ်တာ၊ အဓိပ္ပာယ်ကောင်းကောင်းနဲ့ သဘောထား ကွဲလွဲတာ၊ အပြန်အလှန် ထောက်ပံခြင်းကို ပြုလုပ်တာ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်

ဒီအထိတော့ နားလည်ပြီးသား ဖြစ်နေပြီမဟုတ်လား

တကယ်လို့ ဒီအထိသိပ်ပြီး နားမလည်သေးဘူး ဆိုရင်တော့  အရှေ့ကဗီဒီယိုကို နောက်တစ်ကြိမ် ပြန်ကြ ည့်သင့်တယ်လို့ ထင်မိပါတယ်

တိတိကျကျအဓိပ္ပာယ်သတ်မှတ်ပေးနိုင်သောဥပမာ

ဒီတော့ ဉပမာလေးအကြောင်း ဆက်ပြောလိုက် ကြရအောင်

သင့်သူငယ်ချင်းထဲမှာ စားသောက်ဆိုင်ပိုင်ရှင် တစ်ယောက် ရှိတယ်လို့ ဆိုကြပါစို့

သူက နာမည်ကြီး စားသောက်ဆိုင်တစ်ခုမှာ စာဖိုမှူးအဖြစ် အကြာကြီး လုပ်ခဲ့တယ်

အဲ့ဒီမှာ အချိန်အကြာကြီး နေခဲ့တာကြောင့် ဟင်းချက်ဖို့ ပြင်ဆင်တဲ့နည်းတွေ ဟင်းခတ်အမွှေးအကြိုင် ဟင်းပွဲပြင်ဆင်နည်း စတဲ့အမျိုးမျိုးသော အရာတွေကို သင်ယူခဲ့ပြီး အရသာရှိတဲ့ ဟင်းလျှာတွေကို ချက်ပြုတ်နိင်သူ ဖြစ်လာခဲ့တယ်

အဲ့လိုနဲ့ လွန်ခဲ့တဲ့လက အကြာကြီး မက်ခဲ့ရတဲ့ အိမ်မက်ဖြစ်တဲ့ ကိုယ်ပိုင်ဆိုင်ကို နောက်ဆုံးမှာ ဖွင့်နိုင်ခဲ့ပါတယ်

ဒါပေမယ့် အိမ်မက်တွေ ဖြစ်လာပြီး ပျော်ရွှင်နေတဲ့သူမှာ စိတ်ညစ်စရာတွေ ရှိလာပါတယ်

ဘာကို စိတ်ညစ်နေရလဲဆိုတော့ ဧည်သည်တွေသိပ်ပြီး တိုးမလာတာကြောင့်ပဲ ဖြစ်ပါတယ်

ရှင်းရှင်းပြောရရင် နှစ်ကြိမ်မြောက် သုံးကြိမ်မြောက် လာတဲ့သူ မရှိတာပဲ ဖြစ်ပါတယ်

အရသာနဲ့ ပတ်သက်ပြီး အပြစ်ပြောစရာ မရှိပါဘူး

သင့်အနေနဲ့လည်း သွားစားဖူးပြီး အရမ်းစားလို့ ကောင်းတယ်ဆိုတာ သိပါတယ်

ဒါပေမယ့် ဘာကြောင့် သူရဲ့ဆိုင်ကို ဧည်သည်တွေက နောက်တစ်ကြိမ် လာမစားကြတာလဲ

ဘယ်လိုမျိုး စဉ်းစားပြီးလုပ်မယ်ဆိုရင် ကောင်းလာနိုင်မလဲ

ဒီမှာ ခဏလောက် ဗီဒီယိုကိုရပ်ပြီး တစ်ချက်လောက် စဉ်းစားကြည့်ပါ

စဉ်းစားကြည့်ပြီးသွားပြီလား

ဒါဖြင့် ပြောလက်စ စကားကို ဆက်လိုက် ကြရအောင်

ဧည့်သည်အသစ်တွေကို စိတ်ကျေနပ်မှု့ပေးနိုင်ဖို့က မရှိမဖြစ်လိုအပ်(အဓိက)

အရင်ဆုံး ဖောက်သည်အသစ်တွေအတွက် ချဉ်းကပ်နည်းနဲ့ ပတ်သက်ပြီး ပြောပါမယ်

ဖောက်သည်အသစ်တွေနဲ့ ပတ်သက်ပြီး အဓိကလိုအပ်ချက်ကတော့ စိတ်ကျေနပ်မှု့ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်

ဖောက်သည်တွေက ကိုယ်ပေးချေလိုက်ရတဲ့ ငွေကြေးထက်ပိုတဲ့ အကျိုးအမြတ်ကို ရမယ်ဆိုရင် စိတ်ကျေနပ်မှု့ကို ရရှိကြပါတယ်

အဲ့ဒီတော့ ဒီစားသောက်ဆိုင်ပိုင်ရှင်ကနေ စိတ်ကျေနပ်မှု့ပေးနိုင်တဲ့ အရာက ဘာများဖြစ်မလဲ

ဟုတ်ပါတယ် ဟင်းလျာတွေ အရသာရှိခြင်း ဖြစ်ပါတယ်

ဒီအချက်က သင့်သူငယ်ချင်းရဲ့ စားသောက်ဆိုင်မှာ လုပ်ပေးနိုင်တဲ့အချက် မဟုတ်လား

အကြိမ်ကြိမ်လာရောက်နေဖို့အတွက် commitment ကအဓိက

နောက်ထပ် ဧည့်သည်တွေ ခဏခဏ လာနေစေဖို့အတွက်ကတော့ ယုံကြည်မှု့နဲ့ ကတိတည်မှု့တို့ကို ပေးနိုင်ဖို့က မရှိမဖြစ် လိုအပ်ပါတယ်

ယုံကြည်မှု့နဲ့ ကတိတည်မှု့ အကြောင်းကတော့ အရှေ့ကဗီဒီယိုမှာ ပြောခဲ့အတိုင်း ကိုယ့်အကျိုးအမြတ် တစ်ခုတည်းကိုပဲ မစဉ်းစားခြင်း၊ ကောင်းတဲ့အဓိပ္ပာယ်နဲ့ အငြင်းပွားခြင်း၊ ပူးပေါင်း ကူညီဆောင်ရွက်ခြင်း စတဲ့ အချက်သုံးချက်ကနေ လာပါတယ်

သင့်ရဲ့သူငယ်ချင်းက ဧည်သည်တွေ အကြိမ်ကြိမ် မလာကြတာကြောင့် ဒုက္ခရောက်နေပါတယ်

တစ်နည်းအားဖြင့် ဒီယုံကြည်မှု့နဲ့ကတိတည်မှု့ ကိုရဖို့အတွက် စီမံခန့်ခွဲတဲ့နေရာမှာ ဒုက္ခရောက်နေတယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်

ဒီတော့ ခိုင်ခိုင်လုံလုံနဲ့ ဘယ်လို အချက်မျိုးကို စဉ်းစားဖို့ မရှိမဖြစ် လိုအပ်လာမလဲ

ဒီမှာတော့ အမျိုးမျိုးသောဥပမာတွေ ပေးပြီးဆက်သွားကြပါစို့

commitment ရဖို့အတွက်က

ဥပမာ ၁။ တက္ကစီနဲ့

ဥပမာ တက်စီစီးတဲ့အခါမှာ ဒရိုက်ဘာဆီကနေ အကြွေပြန်မအမ်းနိုင်တဲ့ အခါမျိုး ကြုံဖူးတယ် မဟုတ်လား

အဲ့လိုအချိန်မှာ တကယ်တော့ အကြွေရှိနေမှာပါဆိုပြီး သံသယ ဝင်ဖူးသလား

သူ့ဆိုင်ကလည်း ကျပ်ငါးဆယ် တစ်ရာ လောက်ကတော့ ပြန်မအမ်းပေးနိုင်လည်း ဘာမှမဖြစ်ဘူးလို့ထင်ပြီး ပြန်မအမ်းဖြစ်တာမျိုး တွေရှိနေနိုင်ပါတယ်

ဥပမာ ၂။ ဧည့်သည်ကလိုချင်တဲ့အရာ

နောက်ထပ်ကတော့ ဧည်သည်တွေရဲ့ ဆန္ဒကို လစ်လျူရှု့ မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်

ဥပမာ ဧည်သည်က အစပ်မစားနိုင်တာကြောင့် ငရုပ်ကောင်း မထည့်ချင်ဘူးလို့ ပြောတယ် ဆိုကြပါစို့

ဒါပေမယ့် ဒီဟင်းလျာက ငရုပ်ကောင်းရဲ့အရသာက အဓိကဖြစ်နေပြီး ငရုပ်ကောင်းမပါပဲ ဘယ်လိုလုပ်ရမယ် မစဉ်းစားတတ်ဘူး ဆိုကြပါစို့

အဲ့လိုအချိန်မှာ ဧည်သည်ရဲ့ ဆန္ဒကို လစ်လျူရှု့ပြီး စိတ်ဆိုးတဲ့ပုံနဲ့ မရဘူး ကျွန်တော့ရဲ့ ဟင်းမှာက ငရုပ်ကောင်း မထည့်လို့မရဘူးလို့ ပြောကောင်း ပြောမိခဲ့နိင်ပါတယ်

ဥပမာ ၃။ ဝန်ထမ်းတွေရဲ့အမူအကျင့်၊ သန့်ရှင်းသပ်ရပ်မှု့

နောက်ထပ် စဉ်းစားလို့ ရနိုင်တာက ဆိုင်ကသန့်ရှင်းရေးကို သေသေချာချာ လုပ်တာမျိုးမရှိပဲ အရင်နေ့က အမှိုက်တွေ စားကြွင်းစားကျန်တွေနဲ့  ဆိုင်က ညစ်ပတ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်

ဒါမှမဟုတ် ဆိုင်ကဝန်ထမ်းတွေက အလုပ်မလုပ်ပဲ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ ပြောနေကြလို့လည်း ဖြစ်နိုင်ပါတယ်

အနှစ်ချူပ်ဆိုရရင်

အခုပြောလိုက်တဲ့ ဥပမာတွေထဲက အကြွေ ပြန်မအမ်းတာကတော့ ကိုယ်အကျိုးအမြတ်ကို ရှေ့တန်းတင်ပြီး စဉ်းစားတဲ့အချက်မှာ အကြုံးဝင်ပါတယ်

ဧည်သည်တွေရဲ့ ဆန္ဒကို လုံးလုံးနားမ‌ထောင်တာတော့ အဓိပ္ပာယ်ကောင်းနဲ့ အငြင်းမပွားနိုင်ခြင်းဖြစ်ပါတယ်

ဆိုင်ညစ်ပတ်နေတာ အကျင့်မကောင်းတဲ့ ဝန်ထမ်းတွေ ရှိနေတာကတော့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာပဲ ဖြစ်ပါတယ်

ဒီအကြောင်းအရာကနေသင်ခန်းစာယူနိုင်တဲ့အရာ

တစ်နည်အားဖြင့် ယုံကြည်မှု့နဲ့ ကတိတည်မှု့ တွေရရှိဖို့ ချဉ်းကပ်နည်းလမ်းတွေကို ပြုလုပ်မနေဘူးလို့ ဆိုလိုတာဖြစ်ပါတယ်

ပြောပြတဲ့ အကြောင်းအရာတွေ နားထောင်ပြီး ဘယ်လိုထင်ပါသလဲ

ကျွန်တော်တို့ ဒီကနေပြီး ဘာတွေများ သင်ယူနိုင်ခဲ့ကြသလဲ

ဒါကတော့ ဖောက်သည်အသစ် ရှာဖွေတဲ့နည်းလမ်းနဲ့ ဆိုင်ကိုလာဖူးပြီးသား ဖောက်သည်တွေကို အကြိမ်ကြိမ် လာရောက်စေဖို့အတွက် ချဉ်းကပ်တဲ့ နည်းလမ်းနှစ်ခုက လုံးလုံး မတူပါဘူး

စီးပွားရေးရဲ့ အခြေခံကတော့ ဘာမှကုန်ကျမှု့မရှိပဲ ရောင်းအားနဲ့ အမြတ်ကိုရအောင် ဘယ်လို ပြုလုပ်မလဲ ဆိုတာပဲ ဖြစ်ပါတယ်

အကြိမ်ကြိမ် လာဝယ်မယ့် ဖောက်သည်ဆိုတာဟာ ဘာမှကုန်ကျမှု့မရှိပဲ ရရှိနိုင်မယ့် ဖောက်သည်ဖြစ်ပါတယ်

အဲ့ဒါကြောင့် အကြိမ်ကြိမ် လာရောက်မယ့် ဖောက်သည်ဆိုတာ အကျိုးအမြတ် ရရှိဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပဲ ဖြစ်ပါတယ်

အဲ့ဒါကြောင့် သေသေချာချာ ဖောက်သည်အသစ်တွေကို ဖောက်သည်အသစ်တွေ စိတ်ကျေနပ်စေမယ့် နည်လမ်းနဲ့ ချဉ်းကပ်ပြီး အကြိမ်ကြိမ် လာ‌ရောက်နေစေဖို့ အတွက်က‌တော့ ယုံကြည်မှု့နဲ့ ကတိတည်မှု့ကို ရရှိလာအောင် ပြုလုပ်ပေးနေရမှာ ဖြစ်ပါတယ်

အကြောင်းအရာအားလုံးရဲ့အနှစ်ချုပ်

ဒီနေ့ပြောသွားတဲ့ အကြောင်းအရာတွေကို အနှစ်ချုပ်ကြပါစို့

ပထမဆုံး အရင်တစ်ခေါက်က ဗီဒီယိုထဲက အကြောင်းအရာဖြစ်တဲ့  ဆက်ဆံရေးအခြေခံစနစ် နဲ့ပတ်သက်ပြီး ပြောခဲ့တာဖြစ်ပါတယ်

ဖောက်သည်အသစ်တွေကို စိတ်ကျေနပ်မှု့ ပေးနိုင်ဖို့ရယ် အကြိမ်ကြိမ် ဖောက်သည်တွေ လာရောက်နေစေဖို့ ယုံကြည်မှု့နဲ့ ကတိတည်မှု့တို့ကို ပေးနိုင်ဖို့နဲ့ ပတ်သက်ပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ်

နောက်ထပ်ကတော့ စားသောက်ဆိုင်နဲ့ ဥပမာပေးပြီး ဒီအခြေခံစနစ်ကို အသုံးပြုပြီး ယုံကြည်မှု့နဲ့ ကတိတည်မှု့တို့ကို ရရှိစေဖို့ ဘယ်လို အကြောင်းအရာတွေကို ထည့်စဉ်းစားရမလဲ ဆိုတာ ပြောပြခဲ့တာ ဖြစ်ပါတယ် အကြွေနည်းနည်းလေးပဲ ဖြစ်ပါစေ သေသေချာချာ ပေးချေဖို့ စတာတွေဖြစ်ပါတယ်

အဲ့ဒီနောက်မှာတော့ စီးပွားရေးရဲ့ အခြေခံကတော့ အကြိမ်ကြိမ် လာရောက်မယ့် ဖောက်သည်တွေ ရအောင် ပြုလုပ်နိင်ဖို့အတွက် ဒီယုံကြည်မှု့နဲ့ ကတိတည်မှု့ကို ပေးနိုင်ဖို့အတွက် ချဉ်းကပ်နည်းနဲ့ပတ်သက်တာ တွေကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်

ဒါပြီး ဒီချဉ်းကပ်နည်းနဲ့ ပတ်သက်ပြီး ကိုယ့်အကျိုးအမြတ်ကို‌ ရှေ့တမ်းတင်ပြီး မစဉ်းစားဖို့ရည်ရွယ်ချက် ကောင်းကောင်းနဲ့ အငြင်းပွားမယ် မျှဝေခြင်းကို ပြုလုပ်မယ် စတဲ့ ဒီအချက် သုံးချက်ကို ထည့်စဉ်းစားမယ်ဆိုရင် ရရှိလာနိုင်မယ် ဆိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်

ဒါတွေကိုတော့ မမေ့ဖို့ အရေးကြီးပါတယ်

စားသောက်ဆိုင်က အရသာရှိတဲ့ ဟင်းတွေ ရှိနေသလိုမျိုး သင့်ရဲ့ စီးပွားရေးမှာလည်း အစကတည်းက  စိတ်ကျေနပ်မှု့ကို ပေးနိင်မယ့် ကုန်ပစ္စည်း ဆားဗစ်စတာတွေ ရှိဖို့ကိုလည်း မမေ့ပါနဲ့နော်

 

タイトルとURLをコピーしました