အားလုံးကို လုပ်ငန်းသုံးအီးမေး မှန်ကန်အောင် ရေးသားနည်

Business Basic

မင်္ဂလာပါ  မြန်မာမှာ နေတဲ့ ဂျပန်လူမျိုး ဇင်‌အောင် ပါ

ဒီဗီဒီယိုကို ဝင်ရောက် ကြည့်ရှု့ပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်

ဒီနေ့ကတော့ အားလုံးကို လုပ်ငန်းသုံးအီးမေး မှန်ကန်အောင် ရေးသားနည်း အကြောင်းကို ပြောပြဖို့ ရည်ရွယ်ထားပါတယ်

အားလုံးကို လုပ်ငန်းသုံးအီးမေး မှန်ကန်အောင် ရေးသားနည်

ဒါနဲ့ သင်က ယုံကြည်ချက်အပြည့်နဲ့ လုပ်ငန်းအီးမေး တစ်ခုကို သေသေချာချာ ရေးနိုင်နေပြီလို့ ပြောနိုင်ပြီလား?

ဉပမာ ဘာစာမှမရေးဘဲ attachedဖိုင်တွေပဲ ပို့လိုက်တာမျိုး၊ စာကြောင်း အရှည်ကြီးတွေ ရေးပြီး ပို့နေတာမျိုးတွေများ လုပ်မိနေသလား?

တကယ်လို့များ အဲ့လိုmailမျိုးတွေ ပို့နေမိတယ် ဆိုရင်တော့ ဒီဗီဒီယိုကို ကြည့်ပြီး မှန်ကန်တဲ့ လုပ်ငန်းအီးမေး ရေးသားနည်းကို လေ့လာကြည့်ဖို့ ပြောပါရစေ

ဒီလို ဆိုရင် ဆက်လိုက် ကြရအောင်

အရင်ဆုံး လုပ်ငန်းအီးမေးရဲ့ ရည်ရွယ်ချက်က ဘာလဲ?

ဘာကြောင့် လုပ်ငန်းအီးမေးကို ရေးဖို့ လိုအပ်တာလဲ သိပါသလား?

လုပ်ငန်းအီးမေး ရေးရတဲ့ ရည်ရွယ်ချက်ကတော့ အတူအလုပ် လုပ်နေတဲ့ တစ်ဖက်လူကို တစ်ခုခု  လုပ်ပေး စေဖို့ပဲ ဖြစ်ပါတယ်

တစ်နည်းအားဖြင့် အရေးကြီးတဲ့ ကိစ္စတစ်ခုခုကို ပြောပြဖို့ ရေးတဲ့စာဖြစ်ပါတယ်

အဲ့ဒီအတွက် လုပ်ငန်းအီးမေးရဲ့ အခြေခံကတော့ တစ်ဖက်လူကို နားလည်လွယ်မယ့် အရေးအသားနဲ့  ရေးသားပြောပြပေးဖို့ ဖြစ်ပါတယ်

ဒီတော့မှ  တစ်ဖက်လူက နားလည်ပြီး ကိုယ်လိုချင်တဲ့ အရာကို လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်

ဒီတော့ တစ်ဖက်လူကို ဘယ်လိုပုံစံနဲ့ ရေးသား ပြောပြ ကြမလဲ?

ဒါကတော့ တစ်ဖက်လူ နားလည်လွယ်မည့်  ရေးသားနည်း အဆင့်ဆင့်နဲ့ ရေးသား ပြောပြပေးရမှာ ဖြစ်ပါတယ်

ဒီတော့ ဒီလို တစ်ဖက်လူ အနေနဲ့ နားလည်လွယ်မယ့် ရေးသားနည်း အဆင့်ဆင့်၊ မှန်ကန်တဲ့ ရေးသားနည်း ဆိုတာက ဘယ်လိုများလဲ?

အဲ့ဒီ အတွက် အဆင့် ငါးဆင့် ရှိပါတယ်

  • ပထမ အဆင့်ကတော့ နှုတ်ဆက်စကား
  • ဒုတိယ ကတော့ Mailရဲ့ရည်ရွယ်ချက်
  • တတိယ ကတော့ အသေးစိတ်အချက်အလက်
  • စတုတ္ထ ကတော့ ကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက်
  • နောက်ဆုံး အချက် ကတော့ နိဂုံး တို့ပဲဖြစ်ပါတယ်

ဒီလို အဆင့်ဆင့် ရေးသားပေးမယ် ဆိုရင် တစ်ဖက်လူ အတွက် နားလည် လွယ်စေပြီး ကိုယ်လိုချင်တဲ့ အရာကို ရှင်းရှင်းလင်းလင်း ပြောပြပေးနိုင်မယ်

ဒီတော့ တစ်ဖက်လူဆီက ကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက် ကိုလည်း ရလာမှာပါ

ဒီတော့ အချက် တစ်ချက်ချင်းစီကို ရှင်းပြသွားပါမယ်

ပထမဆုံး အချက် နှုတ်ဆက်စကား ဖြစ်ပါတယ်

တစ်ဖက်လူအတွက် နှုတ်ဆက်စကားနဲ့ စကြပါစို့

အများကြီး အသုံးပြုနိုင်တဲ့ ဒီစာကြောင်း နှစ်ကြောင်းကို အသုံးပြုကြည့် ကြပါစို့

သာမန် အခြေအနေ မှာတော့ ဒီနှစ်ခုထဲနဲ့ လုံလောက် ပါတယ်

ပထမ တစ်ခု ကတော့ အမြဲကျေးဇူးတင်လျှက်

ဒါပြီး နောက်တစ်ခု ကတော့ Mailပြန်ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်

အခုတော့ ဒီနှစ်ခုကို မှတ်ထားပြီး အသုံးပြုကြည့်ပါ

နောက်ထပ် ဒုတိယအဆင့် မေးရဲ့ရည်ရွယ်ချက် ဖြစ်ပါတယ်

နှုတ်ဆက်စကား ပြောပြီးတဲ့ နောက်မှာ ဒီMailကဘာကြောင့် ပို့ရတယ် ဆိုတာကို ရှင်းပြပေးရမှာ ဖြစ်ပါတယ်

ဒီအဆင့်မှာ အရေးကြီးတဲ့ အချက်ကတော့ အသေးစိတ် ရှင်းပြနေဖို့ မဟုတ်ပဲ ခပ်လွယ်လွယ် တိုတိုနဲ့ လိုရင်း ရေးသားပေးရမှာ ဖြစ်ပါတယ်

လိုရင်းကတော့ ဒီMailရဲ့ အကြောင်းအရာ ကို ချက်ချင်း သဘောပေါက်စေဖို့ ဖြစ်ပါတယ်

ဒီတော့ ဒီအဆင့်မှာ အရှည်ကြီး ရေးပြနေဖို့ မလိုပါဘူး

အရှည်ကြီး ရေးထားမယ် ဆိုရင် တစ်ဖက်လူက အကောင်းအရာကို နားလည်ရ ခက်စေပြီး  အထင်အမြင် သေးခံရတာမျိုး ဖြစ်သွားနိုင်ပါတယ်

အဲ့ဒါကြောင့်မို့ ဆိုလိုရင်းကို ရေးဖို့က အဓိကကျပါတယ်

ဉပမာ မနက်ဖြန် မွန်းလွဲပိုင်း သုံးနာရီ ဒုတိယထပ် အစည်းအဝေးခန်း ထဲမှာ ဌာနမှုး ဌာနခွဲမှုးတို့နဲ့ အကူ ကာရင်တို့က လူကြီးမင်းကို ပြီးခဲ့တဲ့လရဲ့ အရောင်းပိုင်းရဲ့ ရလဒ်တွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဆိုတာမျိုး ရေးတာထက် လွယ်လွယ် သဘောပေါက် စေမယ့် စာသားမျိုး ဆွေးနွေးပွဲ တက်ရောက် ပေးပါရန် ဆိုတာမျိုး ရေးပေးရမှာပါ

တတိယအဆင့် အသေးစိတ်အချက်အလက် ဖြစ်ပါတယ်

အသေးစိတ်အချက်အလက်ကတော့ အ‌ရှေ့က ရည်ရွည်ချက် ကို အထောက်အပံ ပေးမယ့် စာကြောင်းဖြစ်ပါတယ်

ဘယ်လို အခြေအနေ မျိုးလဲ?  ဘာတွေ လိုအပ်နေလဲ?

ဘာတွေ ဖြစ်နေလဲ? ဆိုတာနဲ့ မေးရဲ့ရည်ရွယ်ချက် အကြောင်းကို ကျစ်ကျစ်လစ်လစ်နဲ့‌ ဒီအပိုင်းမှာရေးသားရမှာ ဖြစ်ပါတယ်

တစ်နည်းအားဖြင့် ဒီအပိုင်းမှာလည်း နားလည် လွယ်အောင် ရေးဖို့က အဓိက ကျနေတုန်း ပါပဲ

ဉပမာ စာတစ်ကြောင်း ချင်းစီ အတိုချုံ့ ပြီး ခွဲရေးတာမျိုး အညွန်းပြ ရေးသားနည်းနဲ့ ရေးတာမျိုး  တစ်ဖက်က ဖတ်မယ့်လူ ရှင်းရှင်းလင်းလင်း မြင်နိုင်မယ့် ရေးပုံမျိုးက အကောင်းဆုံးပဲ မဟုတ်လား

ခုဏက ဉပမာ ပေးခဲ့တဲ့ အတိုင်းဆိုရင်

  1. မွန်းလွဲပိုင်း သုံးနာရီမှာ ဒုတိယထပ်က အစည်းအဝေးခန်းသို့ လာရောက် ပေးပါရန်
  2. ဌာနမှုး ဌာနခွဲမှုးနဲ့ အကူ ကာရင်တို့က တက်ရောက်မှာ ဖြစ်ပါတယ်
  3. အရင်လရဲ့ အရောင်းပိုင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာဖြစ်ပါတယ်

လေးခုမြောက်ကတော့ လိုချင်တဲ့ လုပ်ဆောင်ချက်

ဒီမှာတော့ Mailလက်ခံသူကို ကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက်အကြောင်း ပြောပြ ပေးရမှာ ဖြစ်ပါတယ်

ဒီအဆင့်မှာ မရှင်းလင်း တာမျိုး မဖြစ်စေပဲ ကျစ်ကျစ်လစ်လစ်နဲ့ ဖြစ်နေဖို့အရေးကြီးပါတယ်

ဘာကို လိုချင်တယ် ဆိုတာကို လွယ်လွယ် နားလည်အောင် ပြောပြပေးဖို့ ကအဓိကဖြစ်ပါတယ်

လုပ်ငန်းအီးမေး မှာ ဒါက အရမ်း အရေးကြီးပြီး ကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက် ရနိင်ဖို့

မေးထဲမှာ အရေးအကြီးဆုံး ကိုယ်လိုချင်တဲ့ အချက်အလက်ကို ရနိုင်ဖို့

တစ်ဖက်လူကို ဘာလိုချင်တယ် ဆိုတာ ကျိန်းသေ နားလည်အောင် ရေးသားပေးဖို့ အရေးကြီးပါတယ်

ဒီနေရာ မှာတော့ အားနာနေဖို့ မလိုအပ်ပါဘူး

တစ်ဖက်လူ အကြောင်း စဉ်းစား လွန်းတာ ဒါမှမဟုတ် တစ်ဖက်လူဆီကနေမကောင်းမြင်ခံရမှာကိုစဉ်းစားလွန်ပြီး အရမ်းချိုသာတဲ့ အသုံးအနှုန်းတွေ သွယ်ဝိုက်ပြောဆိုတဲ့ အသုံးအနှုန်းတွေ အသုံးပြုမယ်ဆိုရင် နားလည်ရ ခက်သွားမှာ ဖြစ်တာကြောင့် မလုပ်မိဖို့ အရမ်း အရေးကြီးပါတယ်

ကျစ်ကျစ်လစ်လစ်နဲ့ နားလည်လွယ်အောင် ရှင်းပြကြပါစို့

နောက်ဆုံး ငါးခုမြောက်ကတော့ နိဂုံး ပဲဖြစ်ပါတယ်

ဒီမေး ပြီးဆုံးသွားပြီ ပြောချင်တဲ့ အကြောင်းအရာတွေ အကုန်လုံး ပြောပြ ပြီးသွားပြီ ဆိုတာကို  ဖော်ပြပေးရမယ့် အပိုင်းဖြစ်ပါတယ်

အကောင်းဆုံး ဖြစ်အောင် ကူညီပေးပါ ဆိုတဲ့ စာသားမျိုး ဆိုရင်လည်း ပြဿနာမရှိပါဘူး

အ‌ရှေ့မှာ ပေးခဲ့တဲ့ ဉပမာနဲ့ ဆက်ပြောရမယ်ဆိုရင် အစည်းအဝေးမှာ တွေ့ကြဖို့ မျှော်လင့် နေပါတယ် လို့ပြောလိုက်တာမျိုး ကလဲ အဆင်ပြေ သွားမယ် မဟုတ်လား

ဒါကတော့ လုပ်ငန်းအီးမေး ရေးသားနည်း အဆင့်ဆင့်ပဲ ဖြစ်ပါတယ်

အနှစ်ချုပ်ပြန်ပြောပါမယ်

လုပ်ငန်းသုံးအီးမေးရဲ့ ရည်ရွယ်ချက်က တစ်ဖက်လူကို တစ်ခုခု လုပ်ပေး စေချင်တာ ဖြစ်ပါတယ်

အဲ့အတွက် အကောင်းအရာကို မှန်မှန်ကန်ကန် ရှင်းရှင်းလင်းလင်းနဲ့ ရေးသား ပြောပြကြပါစို့

ကျစ်ကျစ်လစ်လစ်နဲ့ အပေါ်က အဆင့် ငါးဆင့်အတိုင်း တစ်ဆင့်ချင်း လိုက်နာ သွားမယ် ဆိုရင် ရှင်းရှင်းလင်းလင်းနဲ့ ပြောပြနိုင်မှာပဲ ဖြစ်ပါတယ်

နာပါတ်တစ် နှုတ်ဆက်စကား နှစ် မေးရဲ့ရည်ရွယ်ချက် သုံး အသေးစိတ်အချက်အလက် လေးကိုယ်လိုချင်တဲ့ လုပ်ဆောင်ချက် နောက်ဆုံး နာပါတ်ငါး ကတော့ နိဂုံး ပဲဖြစ်ပါတယ်

မေးရဲ့ အကြောင်းအရာ တွေက အချိန်နဲ့ လိုက်ပြီး မတူညီတဲ့ အခြေအနေ တွေလဲ ရှိကြတယ် မဟုတ်လား

ဉပမာ အစည်းအဝေး အကြောင်းကြားစာ၊ ငွေပေးချေဖို့ အကြောင်းကြားစာ၊ တောင်းပန်စာ စတဲ့ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ အမျိုးမျိုးသော အကြောင်းကြားစာ တွေကို ရေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်

တစ်နည်းအားဖြင့် အခုပြောပြခဲ့တဲ့ ငါးချက်ကို သေသေချာချာ နားလည်ပြီး ဒီပုံစံအတိုင်းနဲ့ အီးမေးကိုရေးသားနိုင်မယ် ဆိုရင် ဘယ်လို လုပ်ငန်းဆိုင်ရာ မေးမျိုးမဆို ရေးလာ နိုင်မယ်လို့ ထင်မိပါတယ်

တစ်ကြိမ်လောက်တော့ လိုက်နာ ရေးသားကြည့်ဖို့ တောင်းဆိုချင်ပါတယ်

သင့်အနေနဲ့ လုပ်ငန်းအီးမေး မှန်မှန်ကန်ကန် ရေးတတ်သွားပြီး၊ ရလဒ်ကောင်းတွေ ရလာ နိုင်ဖို့ဆုတောင်း ပေးနေပါတယ်

 

タイトルとURLをコピーしました