Mental Trigger ဆိုတာက – vol.0 (Intro)

Marketing Lesson

မင်္ဂလာပါ ဇင်အောင်ဖြစ်ပါတယ်

ဒီနေ့ကတော့ အရောင်းပိုင်းနဲ့ ပတ်သက်တဲ့ Mental Trigger နာပါတ်တစ် အကြောင်းပြောကြပါစို့

ဒီ Mental Trigger ဆိုတာက အမေရိကန်စီးပွားရေးလောကမှာမသိတဲ့သူမရှိလောက်အောင်နာမည်ကြီးတဲ့  Joseph Sugarman ဆိုတဲ့ပုဂ္ဂိုလ် ရေးသားခဲ့ထဲ့စာအုပ်ထဲက စကားလုံးတစ်ခုဖြစ်ပါတယ်။

လူတွေက တော်တော်များများသောအခြေအနေတွေမှာ သတိလက်လွတ်နဲ့ ဝယ်မယ်၊မဝယ်ဘူး ဆုံးဖြတ်ကြတယ်လို့ ဆိုကြပါတယ်

ဒီတော့  ဝယ်မယ် မဝယ်ဘူး ဆိုတာကိုအဆုံးအဖြတ်ပေးတာကဘာများဖြစ်မလဲ။ ဒါကတော့ သူရဲ့စိတ်နှလုံးပဲဖြစ်ပါတယ်

လူတွေကသတိမထားမိပဲ စိတ်ကအလုပ်လုပ်ပြီး ဝယ်မယ်ဆိုတဲ့လုပ်ဆောင်ချက်ကိုဖြစ်ပွားစေပါတယ်

ဒီလို စိတ်ကို အလုပ်လုပ်သွားစေအောင် ပြုလုပ်တာကို Mental Trigger  ဆိုပြီးတင်စားတာဖြစ်ပါတယ်။

Mental Trigger ဆိုတာကိုနားလည်ဖို့ဆို ဘယ်လိုလုပ်ပြီးကိုယ့်ဖောက်သည်ရဲ့ စိတ်ကိုအလုပ်လုပ်စေပြီး ဝယ်ယူလာအောင်ဆုံးဖြတ်စေဖို့ကို ဘယ်လိုလုပ်ရမယ်ဆိုတာ နားလည်လာအောင်လုပ်ဖို့လိုမယ်မဟုတ်လား

Mental Trigger အကြောင်းက အချက်တစ်ချက်တည်းမဟုတ်ပါဘူး။ အတန်အသင့်များတဲ့ပမာဏတစ်ခုရှိပါတယ်

ဒီဗီဒီယိုမှာတော့  Joseph Sugarman ရဲ့အမျိုးအစားခွဲပုံနဲ့ပတ်သက်ပြီး Mental Trigger အကြောင်းကို တစ်ချက်ချင်းရှင်းပြသွားမှာဖြစ်ပါတယ်။

တကယ်လို့  Joseph Sugarman ရဲ့ မူရင်းစာအုပ်အကြောင်းစိတ်ဝင်စားတယ်ဆိုရင်တော့ အင်္ဂလိပ်လိုစာအုပ်နာမည်ကိုကူးသွားပြီး အနီးနားကစာအုပ်ဆိုင်မှာသွားရှာကြည့်လို့ရပါတယ်

ဒီတော့မူရင်းအကြောင်းအရာကိုစကြပါစို့

Triggers: 30 sales tools you can use to control the mind of your prospect to motivate, influence and persuade.

“Joseph Sugarman” 1999

タイトルとURLをコピーしました